တိုက်စစ်မှူးများ ဂိုးပေါက်ပြန်တွေ့ခြင်းကို ဟိုဆေးမော်ရင်ဟိုကျေနပ်လျက်ရှိ
ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ပြီးခဲ့တဲ့ ပွဲအနည်းငယ်အတွင်း တိုက်စစ်မှူးများ ဂိုးပေါက်ပြန်တွေ့နေခြင်းကို ကျေနပ်အားရ မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ၇ ပွဲဆက်တိုက် အနိုင်ရထားပြီး ကင်မ ရွန်းတိုက်စစ်မှူး အီတူးနှင့် စပိန်တိုက်စစ်မှူး တောရက်စ်တို့ဟာလည်း ပြီးခဲ့တဲ့ ကာဒစ်ဖ်နဲ့ ရှော်ကေးတို့ပွဲတွေမှာ အသီးသီး ဂိုးတွေသွင်းနိုင်ခဲ့ကြပါတယ်။
46234364-fe1a-3c87-83ee-6f4a872bd88c a11fa2cc-3cfd-30d0-bdb4-ac544ea79f96
ဓာတ်ပုံ – ရှော်ကေးနှင့်ပွဲတွင် ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့သည့် တောရက်စ်။
သို့ပေမယ့်လည်း ဆီနီဂေါ တိုက်စစ်မှူး ဒမ်ဘာဘာကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် ဂိုး ၁ ဂိုးပဲ သွင်းယူနိုင်ပါသေးတယ်။ သို့ပေမယ့် မော်ရင်ဟိုကတော့ ` တိုက်စစ်မှူးတွေရဲ့ လက်ရှိခြေစွမ်းကို ကျွန်တော် ပျော်ရွှင်ပါတယ်။ သူတို့ဟာ အစက ဂိုးမ သွင်းနိုင်ပေမယ့် အသင်းအတွက် အကောင်းဆုံး ကြိုးစား အားထုတ်နိုင်ခဲ့ကြတယ်။ မတူညီတဲ့ အရည်အသွေးတွေနဲ့ အသင်း နိုင်ပွဲမှာ ပါဝင်ကူညီခဲ့ကြတယ်´လို့ ဆိုခဲ့ပါတယ်။
အဆိုပါပေါ်တူဂီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်တဲ့ ကာဒစ်ဖ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲမှာ ကွင်းလယ်ဒိုင် ကိုစော်ကားပြောဆိုခဲ့မှုအတွက် ပေါင် ၈၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ပြီးတော့လည်း အဲဒီပွဲမှာ ပွဲကြည့်စင်ပေါ်မှာ သွားထိုင်နေဖို့ အပြစ်ပေးခံခဲ့ရပါတယ်။ အသက် ၅၀ အရွယ်ရှိ မော်ရင်ဟိုကတော့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဘာမှ မပြောလိုပေမယ့် ပွဲကြည့်စင် ကိုပို့ခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ မှားယွင်းတယ်လို့ ယူဆနေပါတယ်။
7b0cb35f-3206-3be9-ba15-de8c702a9dd8
ဓာတ်ပုံ – ကာဒစ်ဖ်နှင့်ပွဲတွင် ချဲလ်ဆီးအတွက် ပထမဆုံးဂိုးကို အီတူသွင်းယူပေးခဲ့။

0 comments:

Post a Comment

 
Top