၂ဝ၁ဝ ခုနှစ်ကတည်းက စလို့Google ဟာ လူမောင်းစရာ မလိုတဲ့လူမဲ့Google ကားကို ကြိုးစား ဖန်တီးနေခဲ့ခြင်း ဖြစ်ပါတယ်။

Google Map ရဲ့အကူအညီ၊ ဂြိုလ်တုရဲ့အကူအညီကို ယူပြီး ကားအပေါ်မှာ ၃၆ဝ ဒီဂရီလည်နိုင်မယ့် ကင်မရာ တပ်ဆင်ထားပါမယ်။ ပြီးတော့ကားပတ်ပတ်လည်မှာလည်း အာရုံခံ စနစ်များစွာ ပါဝင် ပါမယ်။ ကားအတွင်းက စက်ပစ္စည်းတွေကိုလည်း သူ့အလိုအလျောက် အော်တို ပိုင်းလော့စနစ်နဲ့မောင်းနှင်နိုင်ဖို့အတွက် ပြုလုပ်စီရင်ထားပေးမှာ ဖြစ်ပါတယ်။ ၂ဝ၁ဝ ခုနှစ်ကတည်း ကြိုးစားဖန်တီးနေတဲ့Google ကားဟာ ၂ဝ၁၂ ခုနှစ် နှစ်လယ်လောက်မှာ အောင်မြင်တဲ့အရိပ်အယောင်ကို ပြခဲ့ပါတယ။်

ယခုတော့Google က တရားဝင် ကြွေးကြော်တဲ့အဆင့်ကို ရောက်သွားပါပြီ။ Google က မောင်းနှင် တဲ့လူမပါ ကားဟာ လူကိုယ်တိုင် မောင်းနှင်တဲ့ကားထပ် ပိုမို လုံခြုံ စိတ်ချရမှု ရှိကြောင်း ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

...
Ref: autoblog
Colay.Automobile

0 comments:

Post a Comment

 
Top