တွန်ခရုစ် အနေနဲ့ပြိုင်ကားမောင်းတဲ့ရုပ်ရှင်ကို ရိုက်တာ ဒါပထမဆုံး အကြိမ်တော့မဟုတ်ပါဘူး။ သို့ပေမယ့် ရာဇဝင်တွင်မယ့် ပြိုင်ကားမောင်း ရုပ်ရှင်တစ်ကား ထပ်ရိုက်ဖို့တော့အတည်ပြု လိုက်ပါပြီ။

Go Like Hell လို့အမည်ရတဲ့ဖြစ်ရပ်မှန်အခြေခံ ကားမောင်းပြိုင်ပွဲ စာအုပ်ကို ပြန်လည် ရိုက်ကူးမှာ ဖြစ်ပါတယ်။ ၁၉၆ဝ ကျော်က ဥရောပ ပြိုင်ကားမောင်း ပြိုင်ပွဲတစ်ခုကို အခြေခံပြီး ရေးသားထားတဲ့စာအုပ်ပါ။ အမေရိကန် Ford ပြိုင်ကားနဲ့အီတလီ Ferrari ပြိုင်ကားတို့ထိပ်တိုက်တွေ့ဆုံခဲ့ကြတဲ့ကားမောင်းပြိုင်ပွဲ ဖြစ်ပါတယ်။ ဒါကို အခြေခံလို့ရိုက်ကူးမယ့် ဇာတ်ကားက ခေတ်သစ် ဗားရှင်း ပြောင်းမှာလား ၊ သို့တည်းမဟုတ် အရင်က ပုံစံကိုပဲ ပြန်ယူမလား ဆိုတာကို သေချာ မသိသေး ပါဘူး။ လိုအပ်တဲ့Scene အတွက် GTA, NASCAR ကားမောင်းပြိုင်ပွဲတွေကနေ ပြန်လည်ဆွဲယူမယ်လို့လည်း ဆိုပါတယ်။

ဟောလိဝုဒ် မင်းသား တွန်ခရုစ်က အဓိက ဇာတ်ကောင် ဖြစ်လာအုံး မှာ ဖြစ်ပြီး Go Like Hell ရုပ်ရှင်ကို အများစု စိတ်ဝင်စားလျက် ရှိကြောင်း သိရပါတယ်။

...
Ref:autoblog
Colay.Automobile

0 comments:

Post a Comment

 
Top