Hennessey Performance Engineering ဆိုတာ အမေရိကန်အခြေဆိုက် ကား modify ကုမ္မဏီတစ်ခု ဖြစ်ပြီး Bugatti Veyron ကားတွေကို tuning လုပ်ပြီးအောင်မြင်လာသူများ ဖြစ်ပါတယ်။ ယခု နောက်ထပ် ခြေလှမ်း သစ် ကတော့Ferrari 458 Italia ကို စိတ်ကြိုက်ပြုပြင်ခြင်း ဖြစ်ပါတယ်။

ပြီးတော့ယင်းကားကို Ferrari 458 boast လို့အမည်ပေးလိုက်ပါတယ်။ မူရင်း ၄.၅ လီတာ ပစ်စတင် ၈ လုံးအင်ဂျင်ကိုပါပဲ။ သို့ပေမယ့် မြင်းကောင်ရေ အား ၁၆၈ ထပ်တိုးအောင် စွမ်းဆောင်ပေးထားပါတယ်။ အဓိက ကတော့တာဘိုနှစ်လုံးပူးပြီး လောင် ကျွမ်းမှုအားကို မြင့်တင်ပေးလိုက်လို့ပါ။ ဒါကြောင့် အပူလဲ ပိုလွန်ကဲလာမယ့် အင်ဂျင် အတွက် လေ၊ရေ အအေးခံ စနစ် နှစ်ခုစလုံး တပ်ဆင်ပေးထားပြီး အင်ဂျင်နဲ့စတီယာရင်ထိန်းချုပ် စနစ် များကိုလည်း ပြန်လည် အဆင့်မြင့် ထား ပါတယ်။ အိတ်ဇောပိတ်မှာ သံမလိုက် စတီး ပိုက် ပြန်လည် တပ်ဆင်ပြီး အသံ ဆူညံမှုကို လျော့ချပေးမယ့် စနစ်နဲ့ပစ္စည်းများ ပြန်လည်တပ် ဆင် ပြန် ပါတယ်။

အင်ဂျင်ရဲ့စုစုပေါင်း မြင်းကောင်ရေ ထုတ်လုပ်နိုင်မှုအားက ၇၃၈ အထိ မြင့် တက်ခဲ့ပြီး မြင်းကောင်ရေအား ကြီး ကားစာရင်းဝင်သွားပါတယ်။ ဒီအတွက် ကုမ္မဏီက တစ်နှစ်အာမခံထားပါတယ်။ တိတိကျကျ ပြောရရင် မိုင်ပေါင်း ၁၂ဝဝဝ ခရီးအတွက် အာမခံပေးထားတဲ့ကားဖြစ်ပြီး အကြောင်းအမျိုး မျိုးကြောင့် ပျက်ခဲ့ရင် Hennessey က ပြန်လည်ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။ မူရင်း အမေရိကန်ဒေါ်လာ ၂ သိန်းဝန်းကျင်ရှိတဲ့Italia ကို တန်ဖိုးနောက် ထပ် ကန်ဒေါ်လာ ၅ သောင်း တိုးသွားစေခဲ့ကြောင်း သိရပါတယ်။

...
Ref: autoblog
Colay.Automobile

0 comments:

Post a Comment

 
Top