အမေရိကန်မှာ ကျင်းပတဲ့Daytona ကားမောင်းပြိုင်ပွဲမှာ Ford Motors က ပါဝင်တာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ယခု ထူးခြားချက်ကတော့Ecoboost အင်ဂျင်တပ်ဆင်ထားတဲ့ပြိုင်ကား အသုံးပြုခြင်း ဖြစ်ပါတယ်။

ဆလင်ဒါ ၆ လုံးပူး Riley Technology Prototype ဖြစ်ပြီး အရွယ်အစားက ၃.၅ လီတာပါ။ အရွယ်သာ သေးပေမယ့် စွမ်းဆောင်ရည် မသေးပါဘူး။ ၁၉၈ရ ကတည်းက ထုတ်ခဲ့ဖူးတဲ့Daytona ရည်ရွယ် Ford ပြိုင်ကားက တစ်နာရီ မိုင် ၂၁ဝ အထပ်မှာ top speed ရှိပါတယ်။ ယခု Top Speed ကလည်း တစ်နာရီ မိုင် ၂၃ဝ အထပ်မှာ ရှိမယ်လို့တောင် ခန့်မှန်းထားပါတယ်။ ဒီတော့ကမ္ဘာ့အမြန်ဆုံး ပြိုင်ကွင်းသုံး ပြိုင်ကား အဖြစ် စံချိန်တင်လာအုံးမှာပါ။

ထုတ်လုပ်ရောင်းချဖို့ရည်ရွယ်ခြင်း မဟုတ်ပဲ ကုမ္မဏီ Promotion အတွက် ပြိုင်ကွင်းရည်ရွယ် ကားများကို ကုမ္မဏီအများစုက ထုတ်ကြပါတယ်။ ယင်းထဲမှာ Ford ဟာ အစီးရေနည်းပေမယ့် စွမ်းဆောင်ရည် မြင့် ပြိုင်ကားများကိုသာ ထုတ်လေ့ရှိကြောင်း သိရပါတယ်။

...
Ref: autoblog
Colay.Automobile

0 comments:

Post a Comment

 
Top