ကမ္ဘာ့နည်းပညာ နဲ့ အင်တာနက် ဟာ ဒီနေ့လိုအနေအထား ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ကြပါဘူး။ Google ကုမ္ပဏီကြီး နဲ့ပတ်သက်တဲ့ ရုပ်ရှင်ကား၊ အကျော်ဇေယျဖြစ်တဲ့ Apple တည်ထောင်သူ တစ်ဖြစ်လဲ အထွေအထွေ အမှူဆောင်အရာရှိချုပ် Steve Jobs နဲ့ပတ်သက်တဲ့ ရုပ်ရှင်ကား၊ Bradley Manning, Edward Snowden, Julian Assanger စတဲ့သူတွေပါဝင် ပတ်သက်ခဲ့တဲ့ Wikileaks လို website ရဲ့အကြောင်း ရုပ်ရှင်ဇာတ်လမ်း တွေကို ကြည့်သင့်ပါတယ်။  အင်တာနက်ဟာ ကျွန်တော်တို့အားလုံးကို ပေါင်းစည်းထားတဲ့ ဘုံအတွေးအမျှင်တန်းလေးတစ်ခုပါ။

Job ရုပ်ရှင်ကား (၂၀၁၃ခုနှစ်)


Steve Jobs အကြောင်းကို မင်းသား Ashton Kutcher ကဖော်ညွှန်းရိုက်ကူးထားခဲ့ပြီး Jobs ဆိုတဲ့ အမည်ပေး ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား အကြောင်း သင်သိပြီးသားလဲ ဖြစ်ချင်ဖြစ်မှာပါ။ နာမည်သိပ်မကြီးတဲ့ ဒါရိုက်တာ Joshua Micheal Stern ကရိုက်ကူးထားပြီး ကာလီဖိုးနီးယားပြည်နယ် Los Alto မြို့မှာရှိတဲ့ Jobs ရဲ့ ကလေးဘ၀နေထိုင်ခဲ့တဲ့ နေအိမ်အပါအ၀င် တကယ့်နေရာစစ်တွေမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

The Fifth Estate ရုပ်ရှင်ဇာတ်ကား


ပြည်သူ့အချစ်တော် မင်းသား Benedict Cumberbatch ကို BBC မှာ Sherlock အဖြစ်နဲ့မြင်ဖူးကြပါသလား။ The Fifth Estate ဇာတ်ကားမှာ သူ့ကို Julian Assange အဖြစ်နဲ့ ထပ်ပြီးမြင်တွေ့ကြရမှာပါ။ အကျင့်စရိုက်ကအစ အသံအဆုံး အသွင်သစ်နဲ့ရိုက်ကူးထားတဲ့အတွက် အတော်ကြည့်ကောင်းမယ့် ရုပ်ရှင်ဇာတ်ကား တစ်ကားပါး။ Assange ပုံစံနဲ့ ဘယ်လိုများနေမလဲ၊ သူ့နောက်ကွယ်က ပဟေဋ္ဌိတွေက ဘာတွေလဲ ဆိုတာကို သိချင်ပြီးကြည့်ချင်လာကြမှာဖြစ်တဲ့အတွက် အမြတ်ထုတ်လို့ကောင်းမယ့် ဇာတ်ကားတစ်ကား ဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ ဒီဇာတ်ကားမှာ Assange ဟာ အမေရိကန်အစိုးရရဲ့ ထိပ်သီးလျှို့ဝှက်ချက်တွေကို Wikileaks ဆိုတဲ့ website ကတဆင့် ဖော်ကောင်လုပ်ခဲ့ ပါတယ်။ ဒီ The Fifth Estate ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့သူကတော့  နောက်ဆုံးပိတ် Twilight ဇာတ်လမ်းနှစ်တွဲ ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Bill Condon ပါပဲ။

The Internship ရုပ်ရှင်ဇာတ်ကား။

အခုဖော်ပြပေးနေတဲ့ ရုပ်ရှင်ဇာတ်ကား ၅ကားအနက်က ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမယ့် ဇာတ်ကားကတော့ The Intership ဆိုတဲ့ ဟာသကားပါ။ Owen Wilson နဲ့ Vince Vaughn တို့က Google ကုမ္ပဏီမှာ သက်လတ်ပိုင်း အစမ်းဆင်း အလုပ်သမား တွေအဖြစ်နဲ့ ၀င်ရောက်လုပ်ကိုင်နေတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့နှစ်ယောက်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အသက်အပိုင်းအခြားကွာဟမှုကနေ ရယ်စရာတွေ ဖြစ်လာတော့ တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက် တီထွင် လိုက်တဲ့အရာ တစ်ချို့ဟာ Google ကို နည်းပညာ လောကမှာ ကြီးကြီးမားမား အောင်မြင်စေခဲ့ပါတယ်။

We Steal Secrets ရုပ်ရှင်ဇာတ်ကား။

အီရတ်နဲ့ အာဖဂန် စစ်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ အမေရိကန်စစ်သား Bradley Manning ဆီကနေ အထူးသတင်းတွေကို Julian Assange က ရယူခဲ့ပါတယ်။ အထူးသတင်းတွေ ရရှိပြီးတဲ့နောက်မှာ website ကိုတည်ထောင်ခဲ့တဲ့ အကြောင်းတွေကို မှတ်တမ်းရုပ်ရှင် အဖြစ်နဲ့ ရိုက်ကူးထားတဲ့ Wikileaks ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားကို အဓိကထုတ်လုပ်ပေးခဲ့သူကတော့ Imran Khan ရဲ့ဇနီး Jemima ပဲဖြစ်ပါတယ်။

A Truth Unveiled ရုပ်ရှင်ဇာတ်ကား

အမေရိကန် အစိုးရနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို တရားမ၀င် သတင်းပေးခဲ့တဲ့ နောက်ဆုံး တစ်ယောက်ကတော့ Edward Snowden ပါ။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ Snowden ရဲ့နောက်ကြောင်းကို ဖော်ပြထားပါတယ်။ PRISM နဲ့ Tempora စီမံကိန်းအကြောင်းတွေကို ဖုန်းကြားဖြတ် နားထောင်သလို အမေရိကန် သမ္မတ အိုဘားမားက ဒီစီမံကိန်းတွေကို ကာကွယ်မှုပေးဖို့ ကြိုးစားနေတဲ့ အကြောင်းတွေကို ပါ ကြားဖြတ်နားထောင်ခဲ့ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ ကိုပါ အပြီးတိုင်ဖြုတ်ချ ပစ်မယ်ဆိုတဲ့ အမည်ဖော်မရသူ တစ်ယောက်ရဲ့ ခြိမ်းခြောက်မှု အကြောင်းတွေလဲ ပါပါသေးတယ်။ ဒီရုပ်ရှင်ကတော့ ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်ကားတစ်ကားပါ။
Ref:mensxp
credit  trend.com.mm

0 comments:

Post a Comment

 
Top