Latest

00:39 AM IOS 7.1 DOWNLOAD



ခေတ်အဆက်ဆက်က သမိုင်းဝင် စံချိန်တင်ထားတဲ့ဆရာ့ဆရာတွေကို ကျော်ဖြတ်လို့အမေရိကန်က ဒရိုင်ဘာ တစ်ယောက် လက်စွမ်းပြ မောင်းနှင်ခဲ့ပါပြီ။

သူ့အမည် ကတော့Ed Bolian လို့အမည်ရပြီး အမေရိကန်ပြည်ထောင် အရှေ့ဘက်အခြမ်းကနေ အနောက်ဘက်ပိုင်း ဒေသအထိ မောင်းနှင်ခဲ့ခြင်း ဖြစ်ပါတယ်။ နယ်မြေ အတိအကျ အားဖြင့် Manhattan မှ Red Ball Garage ကနေ CRedondo Beach, CA က Portofino Hotel အထိ မောင်းနှင်ခဲ့ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ကြာမြင့်ချိန်က ၂၈ နာရီနဲ့၅ဝ မိနစ် ဖြစ်ပြီး ယခင်က ၃၂ နာရီနဲ့စံချိန်တင်ထားသူ Alex Roy ကို ကျော်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

စုစုပေါင်း မိုင်ပေါင်း ၂၈၁၃.ရ မိုင်ခရီး ဖြစ်ပြီး တစ်နာရီ ၉၈ မိုင်နှုန်းနဲ့ပျမ်းမျှ မောင်းနှင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂ဝဝ၄ ခုနှစ် မော်ဒယ် Mercedes-Benz CL55 AMG ကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့Ed Bolian လို့အမည်ရတဲ့အမေရိကန် လူငယ်က အမေရိကန်ကို အချိန်အတိုဆုံး ပတ်ပြီးမောင်းတဲ့ဒရိုင်ဘာ တစ်ဦး အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။


...
Ref: autoblog
Colay.Automobile
05 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top