Latest

00:39 AM IOS 7.1 DOWNLOAD

 
ဒီ ကားကြီးကတော့ မြန်မာနိုင်ငံမှာ ကျင်းပတော့မဲ့ ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အားကစားပြိုင်ပွဲတွေကို အချိန်နဲ့ တပြေးညီ ရိုက်ကူးထုတ်လွှင့်ပေးမဲ့ mercedes benz အမျိုးအစား OBvan ဖြစ်ပါတယ်။ ဒီ ကားကြီးရဲ့ နာမည် အပြည့်အစုံက mercedes benz BTS flyer 555 OBvan ဖြစ်ပါတယ်။ ဒီ ကားကြီးကို အမေရိကန်အခြေစိုက် GRASS VALLEY company ကနေ ဂျာမနီနိုင်ငံ အခြေစိုက် BTS broadcast technology solutions ကို ဒီဇိုင်းနဲ့ နည်းပညာပိုင်း အခြေပြု တည်ဆောက်ဘို့ အပ်နှံခဲ့တာ ဖြစ်ပါတယ်။ ကားရဲ့ အရှည်က 10.5m ရှည်လျားပါတယ်။ ကားပေါ်မှာ full HD ရိုက်ကူးတည်းဖြတ် နိုင်မဲ့ အခန်း ၃ခန်းပါရှိပါတယ်။ကားပေါ်မှာနဲ့ မြေပြင်အခြေစိုက် ရိုက်ကူးဘို့အတွက် The 8-cam van will be equipped for 8 Grass Valley® LDX Premiere cameras, a Grass Valley® Kayak™ HD 2.5 M/E production switcher, a Grass Valley® Concerto™ routing switcher, 2 Grass Valley® K2 Dyno® Replay System, a Grass Valley® Gecko modular and a Yamaha audiomixer တို့ တပ်ဆင်ထားပါတယ်။ ခု ဆိုရင် ဒီကားကြီးနဲ့ နေပြည်တော်မှာ စမ်းသပ်ရိုက်ကူးရေးတွေ လုပ်ဆောင်နေပီဖြစ်ပါတယ်။ GRASS VALLEY ရဲ့ vice president mr. stephen wong ကိုယ်တိုင် လက်တွေ့ စာတွေ့ သင်တန်းတွေ ရိုက်ကူးထုတ်လုပ်ပုံတွေ သင်တန်းပေးနေပါတယ်။
 
 writer-michealhtoon 2.11.2013
03 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top