မာစီဒီးလို ဂျာမနီ ကုမ္မဏီကြီးတောင် Google ရဲ့စမတ်မျက်မှန် Google Glass နဲ့ဘယ်လို Sync လုပ်လို့ရမယ် ကား နည်းပညာ ဖန်တီးမလဲ စဉ်းစားနေတာ Nissan ကတော့စမတ်မျက်မှတ် ထုတ်လုပ်လိုက်ပါပြီ။
ပြီးခဲ့တဲ့လက်တလောကာလ ကလည်း ဂျပန် Nissan တို့ရဲ့စမတ်နာရီကို ထုတ်လုပ်ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့Nissan ကုမ္မဏီရဲ့နည်းပညာ ရှေ့ပြေးမှုကို ဘယ်သူမှ မလေးစားပဲ မနေနိုင်ပါဘူး။ လိုအပ်ရင် စမတ်ဖုန်း တောင် အလွယ်တကူ ထုတ်နိုင်ကြောင်း အရိပ်အကဲ ပြလိုက်ခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ယခုက Nissan မော်တော်ယာဉ်များနဲ့တွဲသုံးလို့ရမယ့် စမတ်မျက်မှန်ကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်ပါတယ်။ မျက်မှန်ကို Nissan 3E လို့အမည်ပေးထား ပါတယ်။
မျက်မှန်က မျက်လုံးတစ်ဖက်တည်းကိုပဲ ဖုံးထားမှာ ဖြစ်ပါတယ်။ Ear Phone ပါ ပါဝင်ပြီး ဖုန်းအနေနဲ့လည်း အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Bluetooth, Wi Fi တို့ပါဝင်ပြီး ကားအပြင်၊ ဖုန်းနဲ့ပါ တွဲစပ် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ မျက်မှန် အဓိက လုပ်ဆောင်ပေးမယ့် ဝန်ဆောင်မှုကတော့မြေပုံကြည့်ရှုခြင်း၊ အင်တာနက်ပေါ်မှာ အချက်အလက်များအား ရှာဖွေခြင်း၊ ကားရဲ့အစိတ်အပိုင်းအချို့ကို ထိန်းချုပ်ခြင်းတို့ဖြစ်ပါတယ်။
သို့ပေမယ့် Nissan က 3E ရဲ့စွမ်းဆောင်ရည်ကို Limitless လို့အမွမ်းတင်ထားပါတယ်။ ဈေးကွက် မရောက်မချင်း ဘာတွေ ပါမယ်ဆိုတာ အပြည့်တော့ပြောလို့မရပါဘူး။ ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး၊ ကားအချို့ဝယ်ယူတဲ့အခါ တစ်ခါတည်း ထည့်သွင်း ပေးသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
...
Ref: autoblog
Ref: autoblog
Colay.Automobile
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.