ကား ပါကင်လုပ်ဖို့အတွက် ဂိုထောင် အလွတ်တစ်လုံး လုပ်မယ်ဆိုရင် ကုန်ကျစရိတ် များသလို၊ မြေနေရာလည်း များပါမယ်။
ပုံမှာ မြင်တွေ့နေရတဲ့စနစ်ကတော့အကုန်အကျလည်း သက်သာ သလို၊ မြေနေရာ အကုန်အကျလည်း မများပါဘူး။ အကြောင်း ကတော့မြေအောက်ခန်းကို အသုံးပြုထားခြင်းကြောင့် ဖြစ်ပါတယ်။
Cardok- အမည်ရ ကုမ္မဏီက ဖန်တီးတဲ့နည်းပညာ ဖြစ်ပြီး လျှပ်စစ်- ဟိုက်ဒရောလစ် ပါဝါ နှစ်မျိုး ပေါင်းစပ်လို့ဖန်တီးထားတဲ့ကား ပါကင် စနစ် ဖြစ် ပါတယ်။ အတက်အဆင်း အတွက် စက္ကန့် ၃ဝ ထက် ပိုမကြာဘူးလို့အာမခံ ထားပါတယ်။ လျှပ်စစ်ဓာတ်အား အသုံးပြုမှုလည်း နည်း ပါတယ်။
မြေအောက်ခန်း တည်ဆောက်ပေးပြီး ကားရဲ့လုံခြုံရေးလည်း ပိုလို့စိတ်ချ ရကြောင်း ဆိုပါတယ်။
...
Colay.Automobile
0 comments:
Post a Comment