NSA တို့ Google Data Center ကိုဖောက်တာတော့ တရားလွန်တယ် - Eric Schmidt

NSA တို့ Google ရဲ့  Data Center ကို ဖောက်ထွင်းပြီး သတင်းအချက် အလက် ခိုးယူဖို့ ကြိုးစားခြင်းဟာ တရားလွန်ပြီး လက်ခံနိုင်ဖွယ် ကိစ္စ တစ်ခု မဟုတ်ကြောင့် အင်တာဗျူးတစ်ခုမှာ Google စီအီးအို Eric Schmidt ကိုယ်တိုင်ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

Data Center မှာရှိတဲ့ သတင်းအချက်အလက်ကို ဖော်ယူဖို့ ကြိုးစားတာ လူဦးရေ သန်း ၃၀၀ ကျော် ရဲ့  Data ကိုထိခိုက်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ ယင်းထဲမှာ လူဦးရေ ၃၀၀ ရဲ့  အသေးစိတ် အချက်အလက် အားလုံးကို ရရှိသွားကြပြီဖြစ်ပြီး သူတို့အတွက် အန္တရာယ်များကြောင်း ဆိုပါတယ်။ အမေရိကန် အမျိုးသး လုံခြုံရေး အဖွဲ့ ( NSA ) ဟာ ကမ္ဘာ့ ဆိုင်ဘာ ကွန်ရက်ကြီး တစ်ခုလုံးကို တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။ ကုလသမ္မဂရုံးက ဗီဒီယိုမှတ်တမ်းများကို ခိုးယူပြီး နာမည်ဆိုးထွက်နေချိန် Google Data Center ကိုဖောက်ယူနေကြောင်း သတင်းအတိအကျ သိရပြီးနောက် NSA ရဲ့  ဂုဏ်သတင်းဟာ ဆိုးသထက် ဆိုးလာပါတယ်။

လူတစ်ဦးတစ်ယောက်ချင်းစီရဲ့  Privacy ကို အလေးမထားပဲ စုံစမ်းထောက် လှမ်းမှုကို တရားလွန် လုပ်တဲ့ NSA ကို လက်မခံနိုင်ကြောင်း Google ရဲ့  စီအီးအိုက လူရှေ့ သူရှေ့ မှာ တရားဝင် ပြောကြား လိုက်ခြင်း ဖြစ်ပါ တယ်။ နောက်ပိုင်း Google နဲ့ တရားဥပဒေ အရ ရင်ဆိုင်ရမယ့် အနေ အထား အထိတောင် NSA တို့ ရောက်ရှိသွားနိုင်တယ်လို့ ပညာရှင်များက ခန့်မှန်းထားကြ ပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )

0 comments:

Post a Comment

Top