Latest

00:39 AM IOS 7.1 DOWNLOAD



           One Direction အဖွဲ့ဟာ သူတို့ရဲ့ နောက်ထပ်အသစ်ထွက်ရှိမယ့် အယ်လ်ဘမ်ကို ‘Midnight Memories’လို့ အမည်ပေးထားပါတယ်။ ဗြိတန်-အိုင်းရစ် လူမျိုးစပ် ကောင်လေးတွေဟာ လွန်ခဲ့တဲ့နှစ်က ထွက်ရှိထားတဲ့ Take Me Home ဆိုတဲ့ ဗွီဒီယိုဖိုင်တင်ထားတဲ့ Instagram မှာ နာမည်အသစ်ကို ကြေငြာခဲ့တာဖြစ်ပါတယ်။
          အဖွဲ့ဟာ အယ်လ်ဘမ်နာမည်အတည်ပြုချက်နဲ့အတူ ထွက်ရှိမယ့်ရက်ကိုပါ ကြေငြာခဲ့ပါတယ်။ (၉)ရက်နေ့ တနင်္လာမှာ ကြိုတင်အော်ဒါ မှာနိုင်ပါပြီလို့လဲ နောက်ပြောင်ပြီး ရေးသားထားပါ သေးတယ်။ အယ်လ်ဘမ်ကိုတော့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဖြန့်ချိမှာဖြစ်ပါတယ်။
          ဒီအယ်လ်ဘမ်ရဲ့Single သီချင်းအဖြစ် Best Song Everကို ပုံဖော်နေပြီး အဲဒီသီချင်းကတော့ MTV music ဆုပေးပွဲမှာ “နွေရာသီအကောင်းဆုံးသီချင်း’’အဖြစ် ဆု ရရှိထားပါတယ်။
          အခြားအနုပညာရှင်တွေနဲ့လဲ ပေါင်းစပ်ပုံဖော်ထားတယ်လို့ မျှော်လင့်ရပါတယ်။ ဗြိတိန် ပေါ့ပ်-ရော့ခ် တီးဝိုင်းတစ်ခုဖြစ်တဲ့ Mcfly ထဲက Denny Jones ကလဲ သူတို့အယ်လ်ဘမ်အတွက် သီချင်းတစ်ပုဒ် ၀င်ရေးထားတယ်လို့ ဆိုပါတယ်။ သူတို့ပြောတာက “ကျွန်တော်တို့ ဒီကောင်လေး တွေကိုချစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။ သူတို့ဟာ တကယ့်ကို အံ့သြမှင်တက်စရာကောင်းတဲ့ ကောင်လေးတွေပါ။ သူတို့ရဲ့ အယ်လ်ဘမ်အသစ်ထဲမှာ သီချင်းအသစ်တစ်ပုဒ်ပါဝင် ကူညီခွင့်ရတာ ၀မ်းသာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ကို သီချင်းကောင်းလေး ပေးလိုက်နိုင်လို့ပါ’’ လို့ ဆိုပါတယ်။
Ref:starpulse

credit  trend.com.mm

07 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top