Photo: Sony ကထပ်ပြီးကြေငြာလိုက်တဲ့ Sony Xperia Z1F

=============================
ခွန်နေ(AMMG)

ပြီးခဲ့တဲ့ ရက်ပိုင်းတင် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Docomo နဲ့အတူ Samsung Galaxy J ဆိုပြီးမိတ်ဆက်ပွဲထုတ်ခဲ့လို့အပြီး ယခုတဖန်
Docomo နဲ့အတူ Sony Xperia Z1F ဆိုပြီး ထပ်မံပြီး ပေါ်ထွက်လို့လာပါပြီ။

ဂျပန်ပြည်တွင်းဆက်သွယ်ရေး ကုမ္ပဏီရဲ့ အမှတ်တံဆိပ်နဲ့ အတူပွဲထွက် လာမယ့် အဆိုပါ Sony Xperia Z1F ဟာမကြာသေးခင်ကမှထွက်ခဲ့တဲ့ 
Sony Xperia Z1 ရဲ့ တည်ဆောင်ပုံနဲ့ ကွာဟမှုမရှိပဲ ပြောင်းလဲမှုအနည်းငယ်
သာပြုလုပ်ထားတာပါ။

Xperia Z1 မှာကမျက်နှာပြင်အကျယ် ၅ လက်မသုံးပြီး ထွက်ထားတယ်ဆို
ပေမယ့် Xperia Z1F မှာတော့ ၄.၃လက်မအကျယ်၊1280x720 resolution LCD မျက်နှာပြင်နဲ့ထွက်ရှိလာပါတယ်။ 2.2GHz quad-core CPU နှင့် GPU
Adreno 330 ပါဝင် ပါတယ်။ Ram 2GB နှင့် 16GB internal memory အပြင် ထပ်တိုး microSD card slot ထည့်သွင်းအသုံးပြုလို့ရတာက
Xperia Z1 နဲ့ထပ်တူကျနေပါတယ်။ ရေစိုခံနှင့် ကင်မရာ 20.7 MP ပါဝင်မှုက
လည်း Z1 နဲ့တူညီပြီး တာရှည်ခံဘက်ထရီ 2,300mAh battery အသုံးပြု
ထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းက ယခင် Xperia Z1 နဲ့တူညီနေပြီး မျက်နှာပြင်သာ
အနည်းငယ်ပြောင်းလဲသွားတဲ့ အဆိုပါ Sony Xperia Z1F စမတ်ဖုန်းကို
Docomo ဆိုတဲ့ Logo ကိုတွဲဖက်အသုံးပြုထားပြီး Samsung Galaxy J နည်းတူ ဂျပန်ပြည်တွင်းမှာသာဖြန့်ချိသွားမယ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

နိုင်ငံတကာကိုတော့ ဖြန့်ချိမှုရှိမရှိဆိုတာကိုတော့ အသိအကျပြောဆိုထား
ခြင်းတော့မရှိသေးပါဘူး။

Ref:GSMarena

0 comments:

Post a Comment

Top