မကြာမီ အာရှ စင်ကာပူ ဈေးကွက်ကို ရောက်လာတော့မယ့် Apple ကုမ္ပဏီထုတ် တက်ဘလက နှစ်လုံးကို နှိုင်းယှဉ် ပြချင်ပါတယ်။ ကိုယ်ကြိုက်တာ ကိုယ်သုံးနိုင်အောင်လို့ ဖြစ်ပါတယ်။ iPad Air ကို ၆၈၈ ဒေါ်လာလောက်နဲ့ ဈေးဖွင့်မယ်လို့ စင်ကာပူထုတ် သတင်းစာကြီးတွေမှာ ဖော်ပြထားပါတယ်။ အဲဒါက 16GB Wi-Fi မော်ဒယ်လ် ဖြစ်ပါတယ်။ iPad mini ကတော့ 16GB Wi-Fi မော်ဒယ်လ်ဆိုရင် ၅၄၈ ဒေါ်လာလို့ ဆိုထားပါတယ်။ iPad mini ကတော့ Retina မြင်ကွင်းနဲ့ ဖြစ်ပါတယ်။ သူကတော့ နောက်လလောက်မှ ထွက်ပါလိမ့်မယ်။

nnt_appletablet

တူညီမှုများ

PROCESSOR
iPad Air မှာ သုံးထားတဲ့ ပရိုဆက်ဆာက A7 64-bit ဖြစ်တာကြောင့် မြန်နှုန်းကတော့ နှစ်ဆပိုပါ လိမ့်မယ်။ iPad mini ကလည်း Retina မြင်ကွင်းကို သုံးထားပြီး ယခင်ထွက်ခဲ့တဲ့ တက်ဘလက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ရှစ်ဆလောက် ပိုမြန်တယ်လို့ ဆိုရမယ်။ အဲဒါကလည်း Speed ကို 4x Computing Speed နဲ့ 8x Graphics Speed တွေရအောင် စီစဉ်ပေးထားနိုင်လို့ ဖြစ်ပါတယ်။ ဂရပ်ဖစ်အပိုင်း၊ ပရိုဆက်ဆာ အပိုင်းမှာ မြှင့်ထားတာကြောင့် မြန်နှုန်းကလည်း မြင့်မှာသေချာပါတယ်။
iPad Air မှာ သုံးထားတဲ့ ဂရပ်ဖစ်က Infinity Blade II အမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းတွေ ကစားရင် အလွန်ချောမွေ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ အင်တာနက် သုံးချင်သူတွေ အတွက်လည်း Safari Browser က မြန်နှုန်းကို ကျေနပ်လောက်အောင် မြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။

CAMERAS

တက်ဘလက် နှစ်လုံးစလုံးမှာ ထည့်ထားတဲ့ 5-megapixel (rear) နဲ့ 1.2-Mega-pixel (front) အသီးသီး ဖြစ်ကြပါတယ်။ ဒါကတော့ ယခင် မော်ဒယ်လ်တွေမှာလည်း သုံးထားတော့ သိပ်ပြီး ထူးခြားတယ်လို့ မပြောနိုင်ပါဘူး။
Apple ကတော့ သူ့ရဲ့ A7 Chip နဲ့ iOS 7 ကို အတော်လေးကြွားလုံး ထုတ်ထားပါတယ်။ သူတို့ရဲ့ အစွမ်းကြောင့် ကင်မရာကလည်း Autofocus အပိုင်းမှာ ပိုပြီး မြန်ဆန်ပြီး ယခင်တက်ဘလက်တွေက ကင်မရာတွေထက် စွမ်းဆောင်ရည် ပိုကောင်းမယ်လို့ အာမခံထားတယ်။
ဒါပေမဲ့ ကင်မရာတွေနဲ့ တွဲသုံးဖို့ Flash မပါတာရယ်၊ အလင်းရောင် အားနည်းတဲ့ နေရာတွေမှာ ရိုက်ကူးနိုင်စွမ်း နည်းတာကိုတော့ ဝန်ခံရလိမ့်မယ်။ ဒီအားနည်းချက်တွေကိုတော့ နောက်ထုတ်မယ့် အသစ်တွေမှာ ပြင်ဆင်ထားမယ် ထင်ပါတယ်။
Wi-Fi
တက်ဘလက် နှစ်မျိုးစလုံးမှာ အင်တီနာ (Antennae) တွေကို MIMO (multiple-in-multiple-out) နည်းပညာကို သုံးထားတယ်။ ဒီနည်းပညာက Wi-Fi ဖမ်းယူနိုင်စွမ်းကို ပိုအားကောင်းစေပြီး Data တွေ ရယူသုံးစွဲနိုင်နှုန်းက 300Mbps နဲ့ အထက်လောက်ကို ရနိုင်မှာ ဖြစ်ပါတယ်။
Wi-Fi မဟုတ်ဘဲ Cellular မော်ဒယ်လ်ဆိုရင် 4G နဲ့လာတဲ့အတွက် 4G သုံးတဲ့ တစ်ကမ္ဘာလုံးမှာ ဒီတက်ဘလက်တွေကို ဆက်သွယ်ရေးအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
User Interface and Apps
တက်ဘလက် နှစ်မျိုးစလုံးမှာ စက်လည်ပတ်မှုစနစ် (Operating System) အနေနဲ့ iOS 7 ကို သုံးထားပါတယ်။ ဒါကြောင့် စက်ဖွင့်လိုက်ရင် မြင်ရတဲ့ မြင်ကွင်းတွေက ဒီဇိုင်းအသစ်တွေနဲ့ မြင်ကွင်းတွေ ဆန်းနေမှာ ဖြစ်ပါတယ်။
Apple ရဲ့ iOS 7 မှာ ထူးခြားဆန်းသစ် လာတာတွေကတော့ iLife (iPhoto, iMovie, GaragrBand) တွေအပြင် iWork ဆိုတဲ့ ဆော့ဖ်ဝဲမှာလည်း (Pages, Keynote, Numbers) ဆိုတာတွေကို ထည့်ပေးထားတာ တွေ့ရပါတယ်။
iPhoto မှာ ဓာတ်ပုံတွေကို အမြန်ဆုံး Edit လုပ်နိုင်မှာဖြစ်ပြီး ခုထုတ်လိုက်တဲ့ မြင်ကွင်းကျယ် တက်ဘလက်တွေနဲ့ဆိုရင် လုပ်ကိုင်ရတာ ပိုပြီးအဆင်ပြေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Pages နဲ့ Keynote ဆော့ဖ်ဝဲတွေကို သုံးကြည့်လိုက်ရင် ကြိုက်သွားမှာ သေချာပါတယ်။

ကွဲပြားခြားနားချက်များ

DESIGN
iPad Air မှာ အထူးခြားဆုံးကို ထင်သာမြင်သာ ရှိတာက ယခင်မော်ဒယ်လ်တွေထက် ပိုပြီး ပေါ့ပါးသွားသလို၊ အလေးချိန်က 469g လောက်ပဲရှိတာ တွေ့ရပါတယ်။ ယခင်ထုတ်ခဲ့တဲ့ စတုတ္ထ မျိုးဆက်ဆိုတဲ့ iPad တွေထက် 200g လောက်ပိုပြီး အလေးချိန် လျော့နည်းလာပါတယ်။
အလေးချိန်ကို လျှော့ထားသလို မြင်ကွင်း ၉ ဒသမ ၇ လက်မ ဆိုတာကတော့ ခပ်ပါးပါး အလွှာတစ်ချပ်ကို ထူးခြားတဲ့ အရာသာနဲ့ ကိုင်တွယ်ရဖို့ သေချာနေပါတယ်။
အထူကတော့ 7.5mm လောက်ပဲ ရှိတယ်။ iPad Air က ယခင်ထုတ်ခဲ့တဲ့ Version တွေနဲ့ယှဉ်ရင် ၂၀ ရာခိုင်နှုန်းလောက် တူတယ်လို့ ဆိုရမယ်။ မျက်နှာပြင်ကို အပြည့်လောက် ယူထားပြီး အနားစောင်းတွေကို အဝိုက်တွေ ကွေးပြီး သတ်ထားတာကလည်း မြင်ကွင်းကို ကြည့်ရတာ အားရစရာဖြစ်အောင် ဖန်တီးထားသလို ဖြစ်နေပါတယ်။
iPad mini မှာတော့ အရွယ်အစား သေးပေမယ့် ဘက်ထရီကြောင့် ပေါ့ပါးတယ်လို့တော့ မပြောနိုင်ပါဘူး။ အလေးချိန် 331g လောက် ရှိပါတယ်။ မူလထုတ်ခဲ့တဲ့ iPad mini ထက် 20g လောက် ပိုလေးနေတာ တွေ့ရတယ်။ ဒီလောက် ပမာဏလေး တိုးထားတာကိုတော့ သတိထားမိမှာ မဟုတ်ပါဘူး။ iPad Air က အရွယ်လည်းကြီး၊ မြင်ကွင်းလည်း ကျယ်ပြီး သုံးစွဲသူတွေအတွက် ရွေးချယ်စရာ ဖြစ်အောင် နှစ်မျိုး ယှဉ်ထုတ်ထားသလို ဖြစ်နေတာကြောင့် ကြိုက်တဲ့ အရွယ်အစားကို ရွေးသုံးနိုင်ပါတယ်။
DISPLAY
iPad Air မှာ Resolution က မြင်ကွင်းကျယ် ဆိုပေမယ့် pixel ပေါင်း ၃ ဒသမ ၁ သန်းကို သူ့မြင်ကွင်း အတွင်းမှာ ထုတ်ပေးနိုင်တာကြောင့် အတော်လေး ပြတ်သားတဲ့ မြင်ကွင်းမျိုးကို ကြည့်ရှု ခံစားနိုင်ပါတယ်။ Pad mini ကတော့ မြင်ကွင်း ၇ ဒသမ ၉ လက်မရှိတယ် ဆိုပေမယ့် High-Definition Retina မြင်ကွင်း ဖြစ်တာကြောင့် သူလည်း အထူးကောင်းမွန်တဲ့ မြင်ကွင်းမျိုး ဖြစ်ပါတယ်။ Resolution ကလည်း 2,048 x 1,536 pixels လောက်ကို ရနိုင်ပြီး ipad Air နဲ့ သိပ်မကွာခြားတဲ့ ခံစားမှုတွေကို ပေးနိုင်မယ်လို့ ယူဆရပါတယ်။
စာသားတွေ၊ ဂရပ်ဖစ်ပုံတွေက နှစ်မျိုးစလုံးမှာ အလွန့်အလွန် ပြတ်သားပြီး Razor-Sharp အဆင့်ရှိ ပါတယ်။ ဒါကြောင့် ယခင်ထုတ်ခဲ့တဲ့ တက်ဘလက်တွေနဲ့ ဘာမှမဆိုင်တဲ့ ခံစားမှုမျိုးကို ပေးနိုင်မှာ ဖြစ်ပါတယ်။
Credit: The Voice



0 comments:

Post a Comment

 
Top