ဆွီဒင်နိုင်ငံသား နှစ်ဦး တီထွင်ခဲ့တာ ဖြစ်ပြီး Hövding လို့အမည်ပေးထားတဲ့စက်ဘီးဦးထုပ် ဖြစ်ပါတယ်။
သူ့ရဲ့အလုပ်လုပ်ပုံက မော်တော်ကားမှာ ပါဝင်တဲ့လေအိတ်နဲ့သိပ်မကွာပါဘူး။ လည်ပင်မှာကောလန်လို ပတ်ထားရပြီး မမျော်လင့်နဲ့အရှိန်ကြောင့် လှဲကျတာမျိုးဆိုရင် အလို အလျောက် ကာကွယ်ပေးဖို့သာမန်ထက် မာကျောသော နိုင်လွန်ဖိုက်ဘာလေအိတ်က ထွက်လာ မှာ ဖြစ်ပါတယ်။ သူက ခေါင်းရော၊ လည်ပင်းကိုပါ ဖုံးအုပ် လိုက်မှာ ဖြစ်ပါတယ်။
စက်ဘီးရဲ့ရွေ့ရှားမှု၊ လေတိုက်နှုန်း၊ အစရှိသဖြင့် လှဲကျတဲ့အခါ ရရှိတဲ့အချက်အလက်အားလုံးကို တွက်ချက်ပြီး စနစ်တ ကျ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဥပမာ- ဘရိတ်ဆောင့် အုပ်လိုက်လို့လေအိတ်ထွက်မလာပါဘူး။ တကယ် အက်ဆီး ဒန့်ကြုံလာတဲ့အခါမှာတော့အလိုအလျောက် အချိန်မှီထွက် လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကားမှာ ပါဝင်တဲ့လေအိတ် များမှာ Sensor များထက်ပိုပြီး အာရုံခံနိုင်စွမ်းများပါတယ်။
လည်ပတ်လို ပတ်ထားရမယ့် ယင်းလေအိတ်က ၁.၅ ပေါင် ပဲလေးပြီး သာမန် စက်ဘီးဦးထုပ် စောင်းတာနဲ့စာ ရင် ပိုပေါ့မှာ ဖြစ်ပါတယ်။ နိုင်လွန်ဖိုက်ဘာကို ဟီလီယံဂက်စ် နဲ့ကော်လန်ထဲမှာ သိပ်ထည့်ထားပါတယ်။ သူ့ကို အလုပ် လုပ်စေဖို့ဘက်ထရီလည်း ပါဝင်ပါတယ်။ LED မီးလုံးလည်း ပါပြီး လေအိတ်ပွင့်ခါနီးဆိုရင် အသံနဲ့အတူ အချက်ပြမှာ ဖြစ်ပါ တယ်။ သာမန် စက်ဘီးဦးထုပ်စောင်းတာနဲ့စာရင် စတိုင် ကျပြီး ပေါ့ပါးတဲ့နည်းပညာလို့ဆိုပါတယ်။
Hovding ရဲ့ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၆ဝဝ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ အောက်ပါ လခ့်မှာ အသေးစိတ်ဝင်ရောက် လေ့လာနိုင်ပါတယ်။
http://www.hovding.com/en/how/
...
Colay.Automobile
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.