ပီးခဲ့တဲ့ရက်ပိုင်းကမှ ထွက်ရှိသွားတဲ့Apple ရဲ့iMac, Macbook Pro, Macbook air များအား ဦးဆောင် ဖန်တီးခဲ့သူက Doug Field ဖြစ်ပါတယ်။ Apple မှာ VP (Vice President) အနေနဲ့တာဝန်ထမ်းဆောင်သူပါ။ ယခုတော့သူဟာ Tesla Motor အမည်ရ အမေရိကန်က လျှပ်စစ်ကား ထုတ် ကုမ္မဏီကို ရောက်ရှိ သွားပါပြီ။
Tesla ရဲ့စီအီးအို ဖြစ်သူ Elon Mask ကိုယ်တိုင် ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ကုမ္မဏီရဲ့ဒုတိယ ဥက္ကဌ ရာထူးကို ပေးအပ် ခဲ့ပါတယ်။ Doug Field ဟာ Apple မှာ မလုပ်ခင်က Ford Motors အမေရိကန် ကားကုမ္မဏီမှာ နှစ်အတော်ကြာ လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ Apple မှာ Hardware Engineer အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် သူ့ဆီက ထူးခြားတဲ့အိုင်ဒီယာများကို ကမ္ဘာက သတိထားမိလာ စေခဲ့ပါတယ်။ Hardware မှာတင်မက၊ စက်မှု နဲ့လျှပ်စစ် ပညာရပ်မှာပါ ထူးချွန်တဲ့Goud Field ကို ခေါ်ယူလိုတဲ့ကုမ္မဏီတို့အင်မတန် များပြားပါတယ်။
ယခုတော့Tesla ကို ရောက်ရှိသွားပါပြီ။ အကောင်းဆုံး ကွန်ပြူတာများကို ဖန်တီးခဲ့ပြီး အကောင်းဆုံး ကားများကိုဖန်တီးဖို့အခွင့်အရေးရလာခြင်းအတွက် အင်မတန်ဝမ်းသာကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေကြား ခဲ့တယ်လို့သိရ ပါတယ်။
...
Ref: autoblog
Colay.Automobile
0 comments:
Post a Comment