၂ဝဝ၉ ခုနှစ်ကတည်းက မော်တော်ယာဉ် ပြပွဲတွေမှာ ဝင်ရောက်ပြသ နေတဲ့ဂျာမနီ BMW ရဲ့i8 ပြိုင်ကား ဖြစ်ပါတယ်။

Gasoline အင်ဂျင်နဲ့လျှပ်စစ်မော်တာမောင်း ဘက်ထရီ ကို ပေါင်းစပ်ပေး ထားတဲ့ပေါင်းစပ်ပေးထားတဲ့ဟိုင်းဘရစ်ကား ဖြစ်ပါတယ်။ တစ်နာရီ ၁၆ဝ မိုင် ဝန်းကျင်အထိ top speed ရှိပါတယ်။ ဘက်ထရီနဲ့လည်း သီးသန့် အသုံးပြုမောင်းနှင်နိုင်ပြီး၊ Gasoline သီးသန့်၊ နှစ်မျိုးပေါင်း အခြေအနေ အစရှိသဖြင့် Mode အမျိုးမျိုးပြောင်း မောင်းနှင် နိုင်ပါတယ်။ ဘက်ထရီရဲ့မြင်းကောင်ရေအား ထုတ်လုပ်မှုက ၁၃၁ ရှိပြီး လောင်စာအင်ဂျင်က ၂၂၃ ရှိပါတယ်။ ဒါကြောင့် နှစ်ခုပေါင်းလိုက်ရင် ပါဝါပြင်းတဲ့ပြိုင်ကားပဲ ဖြစ်ပါ တယ်။ ဆီစားနှုန်းက မိုင် ၁ဝဝ နီးနီးကို ၁ ဂါလံသာ ရှိပါတယ်။ ဆီစား အလွန် သက်သာတဲ့ကားလည်း ဖြစ်ပါတယ်။

ကားရဲ့အလေးချိန်ပေါင် ပေါင် ၃၆ဝဝ ရှိပါတယ်။ ခရိုမီယံ၊အလူမီနီယံ၊ ကာဘွန် ဖိုက်ဘာ အချိုးချပေါင်းစပ်ပေးထားပြီး လိပ်ပြာတောင်ပံ လို့ခေါ်တဲ့အပေါ်ပင့် တံခါးပေါက်နဲ့စတိုင်ကျ လှပနေတာကို မြင်တွေ့ရပါတယ်။ အမိုးပွင့် Roadster နဲ့ပြိုင်ကား coupe ဆိုပြီး နှစ်မျိုး ထုတ်လုပ်ထား ပါတယ်။ နှစ်ယောက်စီး ပြိုင်ကား ဖြစ်ပြီး ကာလတန်ဖိုးကတော့အမေရိကန်ဒေါ်လာ ၁သိန်း ၃ သောင်း ဝန်းကျင် လို့ခန့်မှန်းထားကြပါတယ်။ ၂ဝ၁၃ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိမှာ ဖြစ်ပြီး မြန်မာပြည်သာ တကယ်ရောက် လာနိုင်မယ်ဆိုရင် အနည်းဆုံး သိန်း ၅ထာင်လောက်ကတော့အနည်းဆုံး ပေါက်ဈေး ရှိမယ့် ကား ဖြစ်ပါတယ်။
--
Ref: slashgear

0 comments:

Post a Comment

 
Top