F1 ပြီးတော့P1 ထွက်ရှိမယ်ဆိုတာ အင်္ဂလန် McLaren က ကြိုတင်ကြေညာ ထားပြီးသား ဖြစ်ပါတယ်။

မောင်းနှင်အားက တစ်နာရီ မိုင် ၂၄ဝ နီးနီးရှိတယ်ဆိုတော့စူပါကား လို့ခေါင်းစဉ် တပ်ပေးတာကို အပြစ်ပြောမယ့် သူမရှိ ပါဘူး။ မြင်းကောင်ရေ အားကလည်း ၁ဝဝဝ နီးနီးကပ်နေတဲ့၈လုံးပူး ၃၈ဝဝ စီစီ အင်ဂျင်ကို အသုံးပြု ထားပါတယ်။

အလူမီနီယမ်ကိုယ်ထည်ထက် တစ်မူးသာပါတယ်။ စူပါအလူမီနီယမ်လို့အမည်ပေးထားတဲ့သတ္တုနဲ့ကားတစ်ခုလုံး ပြုလုပ်ပြီး အလွိုင်းဝီးတောင် စူပါအလူမီနီယမ် အလွိုင်းလို့ဆိုပါတယ်။ ပဲရစ်မော်တော်ယာဉ် ပြပွဲမှာ တစ်ခါ ပြသပြီးပေမယ့် ကျေနပ်ပုံ မရသေးဘူးနဲ့တူပါတယ်။ အမေရိကန် ကို ရောင်းမယ့် ကားဆိုတော့နယူးယောက်မှာ အမေရိကန် သားတွေ အတွက် သီးသန့် ပြသမှုကို ယခုရက်ပိုင်းအတွင်း ပြုလုပ်ပါတယ်။

တံခါး၂ ပေါက် ၂ ယောက်စီး စူပါကားတွေထဲမှ ဈေးကြီးကြီးနဲ့ပြိုင်ဘက် တစ်စီး တိုးလာတယ်ဆိုတော့ဂျာမနီကားတို့အတွက် သေချာပြင်ဆင်မှ ရတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်ပေါင် ရ သိန်း သတ်မှတ်ထားတဲ့ကား ဖြစ်ပါတယ်။ အီတလီ Ferrari ကားများထက် သာလွန်မယ့်ကားများလို့MaLaren ပရိတ်သတ်များက ထောက်ခံချီးကျူးထား ကြောင်း သိရပါတယ်။
--
Ref: autoblog.

0 comments:

Post a Comment

 
Top